Steelcase WalkStation Demo

[postlink]http://hornbillyouthgroups.blogspot.com/2012/03/steelcase-walkstation-demo.html[/postlink]http://www.youtube.com/watch?v=o-nGC-ts4xgendofvid
[starttext]
အထိုင်များသောရောဂါမှ ကာကွယ် ရန် ကွန်ပျူတာကို လမ်းလျှောက် စက်နှင့်တွဲထား

လမ်းလျှောက်စက်တစ်နေ့လုံး နာရီ ပေါင်း များစွာ ကွန်ပျူတာ ရှေ့၌ ထိုင် လျက် အလုပ် လုပ် ခြင်း ကြောင့် "အထိုင် များသော ရောဂါ"( Sitting Disease) အန္တရာယ် ကျရောက် နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်မှ ဆရာဝန်တစ် ဦးက သတိပေးခဲ့သည်။ အားလပ်ချိန် များ၌ အားကစား လုပ်ရန် အကြံပြုချက် သည် အမှန်တကယ်၌ ထိရောက်မှုရှိပုံ မရသောကြောင့် ဒေါက်တာ ဂျိမ်းလီဗိုင်း က ပို၍ ဆန်းသစ် သော အကြံပြု ချက်တစ် ရပ်ကို တင်ပြခဲ့သည်။ ယင်းမှာ Standing Desk ဟု ခေါ်သော မတ်တတ်ရပ် လျက် အလုပ်လုပ်ခြင်းဖြစ်သည်။
အဆိုပါ ဆရာဝန်ကိုယ်တိုင်သည် ၁၀ နှစ်ကြာအောင် လမ်းလျှောက် စက်ပေါ်၌ မတ်တတ်ရပ်ကာ အလုပ်လုပ်ခဲ့ပြီး လူများအနေဖြင့် ကုလားထိုင် ပေါ်၌ သံမှိုနဲ့ ဆွဲထားသကဲ့သို့ မဖြစ်သင့်ဟုဆို သည်။ အလုပ်ရုံများအနေဖြင့် ဝန်ထမ်း များကို အမြဲတမ်းတက်ကြွ နေစေရန် အတွက် လမ်းလျှောက်ရင်း အလုပ် လုပ်ရန် ခွင့်ပြုသင့်သည်ဟုဆိုသည်။ လူတို့အနေဖြင့် ခြေထောက်ပေါ်၌ မတ်တတ်ရပ်ခြင်းထက်စာလျှင် အထိုင် များခြင်းက နှလုံးနှင့် သွေးကြောဆိုင် ရာရောဂါများ ဖြစ်နိုင်ခြေ ပို၍ များပြား စေသည်ဟုဆိုသည်။
သူသည် လေ့လာ စမ်းသပ်မှု အသစ်တစ်ရပ် ပြုလုပ်ရန် အတွက် မင်နီယာပိုလစ်မြို့ရှိ ကုမ္ပဏီ ငယ်တစ်ခု၌ ဝန်ထမ်းများ၏ ထိုင်ခုံ ၃၀ ကို လမ်းလျှောက်စက်များဖြင့် အစား ထိုးကာ စမ်းသပ်ခဲ့သည်။ ယင်းစမ်း သပ်ချက်မျိုးကို ကမ္ဘာတစ်ဝန်းလုံး၌ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့် ကြောင်းလည်း လီဗိုင်းက အကြံပြုထား သည်။ သူက မကြာသေးခင်က ပြုလုပ် ခဲ့သောစမ်းသပ်ချက်အရ တစ်နေ့လျှင် လေးနာရီကျော်ကြာအောင် ရုပ်မြင်သံ ကြားစက်ရှေ့၌ ထိုင်လျက် အချိန်ဖြုန်း သူများသည် နှစ်နာရီထက် နည်းပါးစွာ ထိုင်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးနှင့် သွေးကြောရောဂါများကြောင့် သေဆုံး နိုင်ခြေ ၈၀ ရာခိုင်နှုန်း ပို၍မြင့်မားသည် ဟုဆိုသည်။
[endtext]

0 comments:

Post a Comment